6/20/2015

အဆုတ်​​ရောဂါမဖြစ်​ဖွား​အောင်​ ဘယ်​လို​နေထိုင်​ကျမလည်း?


နိုင်ငံတကာ မှာ အဆုတ်ရောဂါကို ခံစားနေ ကြရတဲ့လူတွေ များစွာ ရှိကြ ပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံ ဟာလည်း အပါအဝင်ဘဲ ဖြစ်ပါတယ်။ ရောဂါ တစ်ခုဟာ ဖြစ်ပွား လာပြီဆိုရင် အရမ်းကို ပင်ပန်း ဆင်းရဲစွာ ခံစားကြ ရပြီး နောက်ဆုံး အဆင့်မှာ အသက် သေဆုံး ကြရခြင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင် ကာကွယ်ခြင်း နည်းလမ်းတွေဟာ လူတွေ အတွက် အကျိုးရှိ လှတာကြောင့် အဆုတ် ရောဂါ မဖြစ်ပွား ရအောင် ဘယ်လို နေထိုင်ကြ မလဲဆိုတာ အရမ်းကို အရေးကြီးလှ ပါတယ်။

အဆုတ်ရောဂါဟာ ဗြိတိန်နိုင်ငံ အတွင်းမှာ တော့ အကြီးဆုံး လူသတ်သမား ဖြစ်တယ် ဆိုတာ ဖော်ပြ ထားပါတယ်။ ဥရောပနိုင်ငံ တစ်ခွင် မှာ အမျိုးသား များထက် အမျိုးသမီး များဟာ အသက်ရှု လမ်းကြောင်း ရောဂါကြောင့် သေဆုံးနှုန်း အမြင့်ဆုံး ဖြစ်နေပါတယ်။

အသက် ၁၃ နှစ် အရွယ် အမျိုးသမီးငယ် လေးများနဲ့ အသက် ၁၄ နှစ် အရွယ် အမျိုးသား များတွင် အသက်ရှု လမ်းကြောင်းရောဂါ ပြသနာဟာ သူတို့ ဘဝ ရှင်သန်မှုကို အဓိက ဖျက်ဆီးနေတဲ့ ရောဂါ တစ်ခု ဖြစ်နေ ပါတယ်။

အဆုတ်ရောဂါတွင် တီဘီ ၊ ပန်းနာရင်ကြပ်၊ အသက်ရှုလမ်းကြောင်းပိတ်ရောဂါ၊ အဆုတ်နာတာရှည်ရောဂါ ၊ အဆုတ်ကင်ဆာနဲ့ အဆုတ်ရောင်ရောဂါအပါအဝင် ရောဂါအမျိုးအစား ၃၀ ကျော် ရှိပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် သိရှိနားလည်ဖို့အတွက် သုတေသနများစွာ လုပ်ဖို့လိုအပ်နေတုန်းဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများအတွက် ဒီရောဂါတွေကို မဖြစ်ပွားရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း အချို့ရှိပါတယ်။

တက်တက်ကြွကြွနေထိုင်ပါ။

လမ်းလျောက်ခြင်း၊ ရေကူးခြင်း ဒါမှမဟုတ် တက်ကြွစွာနေထိုင်မှုပုံစံတွေက သင်တို့ရဲ့ အဆုတ်ကျန်းမာရေးကိုကောင်းစေဖို့ များစွာ အထောက်အကူပြုပါတယ်။ တက်ကြွလှုပ်ရှားခြင်းဆိုတာ ကျွန်ုပ်တို့ ရဲ့ အဆုတ် ကို ပိုမို အလုပ်လုပ်စေခြင်းဘဲဖြစ်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ဟာလှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့အခါ အဆုတ်ရဲ့ အောက်ခြေပိုင်းအစိတ်အပိုင်းဟာ အလုပ်မလုပ်ဖြစ်သွားတတ်ပါတယ်။

လတ်ဆတ်တဲ့အသီးအနှံတွေများများစားပေးပါ။

လက်ရှိလေ့လာတွေ့ရှိအရ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားနေကျအစားအစာအဖြစ် ကာလကြာရှည်စွာ စားသုံးခြင်းဟာ အဆုတ်ရောဂါမဖြစ်ရအောင် ကာကွယ်ရာရောက်ပါတယ်လို့ဆိုထားပါတယ်။ သုတေသနပညာရှင်တွေ မှ လေ့လာတွေ့ရှိချက်အရ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးသူများဟာ ဗီတာမင်ဓာတ်တွေလုံလောက်စွာ ရရှိတာကြောင့် အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုအားကောင်းအောင် အားဖြည့်ရာရောက်တာကြောင့် အဆုတ်ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

အသက်ကို ပြင်းပြင်းရှုပါ။

အသက်ကို အမြဲတမ်း ပြင်းပြင်းလေးစီ ရှုပေးခြင်းဖြင့် အဆုတ်ကို ကျန်းမာသန်စွမ်းစေပါတယ်။ အဆုတ်ကို လုံးဝန်းတဲ့အင်္ဂါအစိတ်ပိုင်းလေးတွေနဲ့ တည်ဆောက်ထားပြီး ညာဘက် ခြမ်း အဆုတ်တွင် ၎င်းအင်္ဂါအစိတ်အပိုင်လေး ၃ ခုရှိပြီး ဘယ်ဘက်ခြမ်းအဆုတ်မှာ တော့ ၎င်းအစိတ်အပိုင်းလေးတွေဟာ ၂ ခုဘဲ ရှိပါတယ်။ အသက်ကို ပြင်းပြင်းလေး ရှုရှိုက်လိုက်ခြင်းဟာ အဆုတ်တစ်ခုလုံးသို့ အောက်ဆီဂျင်ကို ရောက်ရှိစေတာကြောင့် အဆုတ်ရောဂါမဖြစ်ပွားရအောက် ကာကွယ်ရာမှာ အကျိုးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

လုပ်ငန်းခွင်နေရာဟာ ဘေးကင်းလုံခြုံမှု။

မိမိတို့ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်နေရာဟာ ဘေးကင်းလုံခြုံဖို့လိုအပ်ပါတယ်။ မိမိတို့ အသက်ရှုလိုက်တဲ့လေထဲမှာ မကောင်းတဲ့ ဓာတုအဆိပ်အတောက်အငွေ့တွေ ရှိနေခြင်း က အဆုတ်ကို ထိခိုက်ပျက်စီးစေတာကြောင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုတာဟာ မိမိတို့ အလုပ်လုပ်ရာ ပတ်ဝန်းကျင်ဟာ လေကောင်းလေသန့် ရရှိနေဖို့ဘဲဖြစ်ပါတယ်။

ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ပွားမှုမြင့်တက်နေတာ ကို လည်း ဖော်ပြထားပါတယ်။ တကယ်လို့ ဆေးလိပ်အသောက်များလျင် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆုတ်ရောဂါကြောင့် သေဆုံးနိုင်ပါတယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါကြောင့် ဆေးလိပ် ကိုရှောင်ကြဉ်ခြင်းဟာလည်း အဆုတ်ရောဂါ ကကင်းဝေးစေဖို့ နည်းလမ်းတစ်ခုဘဲ ဖြစ်တာကြောင့်​ ​ရှောင်​ကြဉ်​သင့်​တဲ့ အချက်​တစ်​ချက်​ဖြစ်​ပါတယ်​။

No comments:

Post a Comment

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ