6/20/2015

အ​ဖေများ​နေ့ သမိုင်းဖြစ်​​ပေါ်လာပုံ

"ဖခင်များနေ့ စတင်ပေါ်လာပုံ"က
ဖခင်များနေ့ကိုကျင်းပရန် ပထမဆုံးစဉ်းစားမိသူက
ဝါရှင်တန်သူ Sonora Dodd ဆိုသူဖြစ်သည်။
သူမသည်ထိုအကြံကို ၁၉၀၉ခုနှစ်တွင် မိခင်များနေ့နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် နားထောင်ရင်း ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်သူမ၏ဖခင်Willam Smartကိုဂုဏ်ပြုသောတနေ့စီစဉ်ရန် ဖြစ်ပါသည်။သူမ၏ဖခင်သည် စစ်မှုထမ်းဟောင်းဖြစ်ပြီး ဇနီးဖြစ်သူသည် ဆဌမမြောက် ရင်သွေးကိုမွေးဖွားစဉ် သေဆုံးသွားပြီးနောက် မုဆိုးဖိုတဦးအဖြစ် မွေးကင်းစကလေးငယ်နှင့်အခြားသားသမီးငါးယောက်ကို ဝါရှင်တန်ပြည်နယ် အရှေ့ဘက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေးကာပြုစုစောင့်ရှောက်ပေးခဲ့ပါသည်။
သူမကြီးပြင်းလာသောအခါ သားသမီးများကို တဦးတည်း ပြုစုပျိုးထောင်ပေးခဲ့သော ဖခင်ကို ကိုယ်ကျိုးမငဲ့သော မေတ္တာတရားကိုသတိပြုမိလာခဲ့ပါသည်။
ထို့ကြောင့်သူမသည် သူမ၏ဖခင်မွေးဖွားခဲ့သည့်ကာလဖြစ်သော ဇွန်လတွင် ဖခင်များနေ့ကိုကျင်းပရန်ရွေးချယ်ခဲ့ပြီး ၁၉၁၀ ဇွန်လ၁၉ရက်နေ့ကို ပထမဆုံး ဖခင်များနေ့အဖြစ်ကျင်းပခဲ့သည်။
၁၉၂၄ခုနှစ်တွင် သမ္မတ Calvin Coolidge uနိုင်ငံတစ်ဝှမ်းလုံးနှင့်ဆိုင်သော ဖခင်များနေ့ကို သတ်မှတ်ပေးခဲ့ပါသည်။
ထို့နောက်၁၉၆၆တွင် သမ္မတ Lyndon Johnsonကတတိယတနင်္ဂနွေကို ဖခင်များနေ့အဖြစ် သတ်မှတ်ကြောင်း တရားဝင်ကြေငြာခဲ့ပြီး သမ္မတ Richard Nixonကအတည်ပြုသော ဥပဒေကို ၁၉၇၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။--------------


No comments:

Post a Comment

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ