4/20/2015

LG စမတ်ဖုန်းကင်မရာများ၏ ထူးခြားသည့် အားသာချက်များ ======Gesture Shoot


LG ၏ Gesture Shoot နည်းပညာသည် Selfie ချစ်သူများအတွက် အထူးကျေနပ်အားရစေပါတယ်။ Gesture Shoot မှာ တခြားစမတ်ဖုန်းများနှင့် မတူကွာခြားချက်မှာ Selfie ရိုက်ရန် ခလုတ်ရှိရာနေရာသို့ လှမ်းနှိပ်စရာမလို ဘဲ လက်ဝါးလေးထောက်ပြီး ကွေးလိုက်ရုံဖြင့် ၃ စက္ကန့်အတွင်းလိုချင်သော စတိုင်အပြည့်နဲ့ လှပတဲ့ရုပ်ပုံတစ်ခုထွက်ရှိလာမှာ ဖြစ်ပါတယ်။ 
ထို့အပြင် ထူးခြားချက်တစ်ခုမှာလည်း အသံဖြင့်လည်း အမိန့်ပေးစေခိုင်းနိုင်တဲ့ Voice Shutter ကလည်း စတိုင်ကျလှပတဲ့ Selfie ဓာတ်ပုံလေးပိုင်ဆိုင်နိုင်မှာဖြစ်ပြီး Selfie တုတ်တံများဖြင့်လည်း အလွယ်တကူ ရိုက်ကူးနိုင်တာကြောင့် လှပပြည့်စုံသော ဓာတ်ပုံလေးတွေရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးထူးးခြားချက်တွေကို LG မှ ကိုယ်ပိုင်နည်းပညာဖြင့်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Front Camera Light
Selfie ဓာတ်ပုံချစ်သူများအတွက် LG ၏ L Bello စမတ်ဖုန်းတွင် အချိန်မရွေး မိမိစိတ်ကြိုက် ဓာတ်ပုံရိုက်ကူးနိုင်ရန် အတွက်လည်း Front Camera Light ပါရှိထားပါတယ်။ အဆိုပါကင်မရာသည် မှောင်မည်းနေသည့် နေရာတွင် အလင်းရောင်ရရှိပြီး ရုပ်ထွက်ကောင်းသည့် ဓာတ်ပုံကောင်းတစ်ပုံရရှိစေရန်အတွက် ဖုန်းဘေးမျက်နှာပြင်ပတ်လည်တွင် အလိုအလျေက်မီးလင်းသောစနစ်ကိုလည်း ထည့်သွင်းပုံဖော်ထားပါတယ်။

LG Laser Auto Focus 

Focus ပါတဲ့ စမတ်ဖုန်းမော်ဒယ်တစ်ခုကိုလည်း ထပ်မံဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ၄င်းကတော့ LG ၏ LG G3 ဖြစ်ပါတယ်။ G3 က လေဆာပါဝင်သောကြောင့် အခြားသော စမတ်ဖုန်းများထက် သာလွန်သော ပုံရိပ်များဖမ်းနိုင်သည့် G2 ထက်ကိုပင် ၂၀ ရာခိုင်နှုန်းပိုမိုကြည်လင်ပြတ်သားမည့် ရုပ်ပုံတစ်ခုကို အလွယ်တကူဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။

Touch & Shoot 

LG စမတ်ဖုန်းများရဲ့ ထူးခြားချက်မှာ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနှင့် ပျော်ရွှင်ဖွယ်ကခုန်နေသည့် ဟန်ပန်များကို အလွယ်တကူဖမ်းယူနိုင်မည့် Touch & Shoot System ကိုလည်း ဖန်တီးထုတ်လုပ်ထားပါတယ်။ Touch & Shoot ဟုခေါ်ဝေါ်သည့်အတိုင်း မိမိကြိုက်နှစ်သက်ရာစုံချက်ရရှိပါက မည်သည့်နေရာများကိုမဆို ထိတွေ့လိုက်ရုံဖြင့် ဓာတ်ပုံရိုက်နိုင်မှာဖြစ်ပါတယ်။

အဆင်ပြေကျပါစေ                                                   

အင်းရွာကြီးသားလေး။
                   ကျွန်တော်တင်သမျှပို့ တွေကို နေ့စဉ်နဲ့ အမျှ ကြည့်နိင်ရန် facebook page လေးကိုလည်း
>>> LIKE<< နိပ်ခဲ့ပါအုံး။


ကျွန်တော့် GP ကိုmember ဝင်ပြီးအားပေးကျပါအုံး  ဂရုကို JOIN ရန်ဒီနေရာကိုနိပ်ပါ။

No comments:

Post a Comment

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ