7/01/2015
*** သတင်း၊ ကာတွန်းများနှင့် ၀တ္ထုများကိုလည်း အခကြေးငွေပေးစရာ မလိုပဲ ဖတ်ရှုနိုင်မယ့် - Momolay v9.0 Apk ***
Tech Myanmar ကုမ္ပဏီက အဆင့်မြှင့်မွန်းမံထားသည့် Momolay မိုဘိုင်းအပလီကေးရှင်းအသစ် ကို မိတ်ဆက်ပေးခဲ့ပါပြီ။
Momolay App တွင် လူကြိုက်များဟာသများ၊ ပျော်စရာ၊ ရွှင်စရာ ပုံတိုပတ်စများ၊ ဟာသပုံပြင်ကာတွန်းများ အပြင် ညဏ်စမ်းပဟေဠိများလည်း ထည့်သွင်းထားခဲ့ရာ စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက လူကြိုက်များ အောင်မြင်ခဲ့သော မိုဘိုင်း Application တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စာဖတ်သူ ဗဟုသုတရစိမ့်စေသောငှာ Knowledge ကဏ္ဍကိုလည်း အထူးထည့်သွင်းထားခဲ့ပြီး သိပ္ပံနဲ့ နည်းပညာပိုင်းဆိုင်ရာ၊ ကျန်းမာရေးနှင့်အလှအပဖက်ရှင်ပိုင်းဆိုင်ရာ၊ အချက်အပြုတ်နှင့် လူနေမှုဘ၀ပုံစံ၊ ဖြစ်ရပ်ဆန်းကြယ်နှင့်ထူးဆန်းထွေလာ၊ ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်တွေအကြောင်း၊ အားကစားသတင်းများ စသဖြင့် ပြင်ပလောကတွင်ရှိသော ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင်ကဲ့သို့ ဖြစ်အောင် ဖန်တီးထားခဲ့ပြီး Momolay Team မှနေ၍ ပါဝင်သည့် အကြောင်းအရာမျိုးစုံ ကို အချိန်နှင့်တပြေးညီ ဖန်တီးရေးသားတင်ဆက်ခဲ့ကြောင်း သိရသည်။
ယခု အသစ်ထွက် ဗားရှင်းတွင်မူ သုံးစွဲသူတစ်ယောက်သည် Mobile App ကို install လုပ် သည်နှင့်တပြိုင်နက် လွယ်လင့်တကူ သုံးစွဲနိုင်မည် ဖြစ်ကာ App ထဲတွင် ချိတ်ဆက်ထားသော ဂျာနယ်၊ မဂ္ဂဇင်းများ၏ ဆောင်းပါး၊ သတင်း၊ ကာတွန်းများနှင့် ၀တ္ထုများကိုလည်း အခကြေးငွေပေးစရာ မလိုပဲ ဖတ်ရှုနိုင်ဦးမည် ဖြစ်သည်။
အသစ်ဖြန့်ချိလိုက်သည့် Momolay Version 9.0 ကို့ မိုမိုလေး ၏ ပင်မစာမျက်နှာ http://www.momolay.com/ တွင် ၀င်ရောက်ပြီးဖြစ်စေ၊ Google Play တွင်ဖြစ်စေ အခမဲ့ Download ရယူနိုင်ကြောင်း သတင်းရရှိသည်။
အောက်က Mo Mo Lay Link မှာဝင်ဒေါင်းယူနိုင်ပါတယ်.....
http://www.momolay.com/
အဆင်ပြေကျပါစေ။
အင်ရွာကြီးသားလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ