ဒီစာကိုမိန်းခလေးတစ်ယောက်က ကိုယ်တိုင်ရေးခဲ့တာပါ။
အားလုံးကိုမဆိုလိုပေမယ့် ယေဘုယျအားဖြင့်
တွက်မယ်ဆိုရင်တော့ ဟုတ်ပါတယ်။
မဟုတ်ဘူးလို့မငြင်းပါနဲ့ အမိတို့. . .
အတွဲတစ်တွဲ ရှိတယ်ထား
နှစ်ယောက်လုံးစိတ်ထိခိုက်နေချိန်
ကောင်လေးကို သူ့ချစ်သူထက်
တစ်ခြားကောင်မလေးတစ်ယောက်ကအားပေး
နှစ်သိမ့်ဂရုစိုက်ပြတယ်ထားအုံး . . .
အဲ့ကောင်လေးက တခြားကောင်မလေးအပေါ်
သာယာတဲ့ စိတ်က 30% ပဲရှိလိမ့်မယ်
ကောင်မလေးတွေကျတော့ သူ့ချစ်သူထက်
တခြားကောင်လေးတစ်ယောက်ကအားပေး
နှစ်သိမ့် ဂရုစိုက် ကြင်နာပြတယ် ဆိုရင်
အဲ့ကောင်မလေးက တခြားကောင်လေးအပေါ်
သာယာတဲ့စိတ်က 80% ထိရှိလိမ့်မယ်
ယောကျာင်္းလေး နဲ့ မိန်းခလေး
လမ်းခွဲတယ်ထားအုံး မိန်းခလေးတွေက
လမ်းခွဲတုန်းသာ အသေငို အသေလွမ်း
အသေအကြေခံစားကျရတာ
3လ 4လလောက်ဆို မေ့နိုင်ကြတာများတယ်
ယောကျာင်္းလေးတွေကျတော့ ပြောင်းပြန်
လမ်းခွဲတုန်းမှာ မိန်းခလေးတွေလောက်
မခံစားရပေမယ့် အချိန်ကြာလာတာနဲ့ အမျှ
အမှတ်တရ အချို့နဲ့ပိုပြီးခံစားရတတ်ပါတယ်
တစ်ချို့မိန်းမလေးတွေ ရှိပါသေးတယ်
အပြောကတော့ ရွှေမန်းပဲ. . . .
ထမင်းရည်သောက်ပြီးတော့ပဲနေရ နေရ
ချစ်သူနဲ့အတူနေရရင် ဘဝကြီးပြည့်စုံပြီတဲ့
Ha Ha . . အဲ့ကောင်မလေးတွေ
မြန်မာကားတွေတော်တော်ကြည့်ပုံရတယ်
အဲ့ဒါမျိုးဆိုတာ ဇာတ်လမ်းတွေ
ဝတ္ထုတွေထဲမှာသာဖတ်လို့ကောင်းတာပါ
တစ်ကယ့်လက်တွေ့ဘဝမှာ ဘယ်မိန်းမမှ
ွှအဲ့လိုဘဝမှာ မသာယာနိုင်ပါဘူး. . .
ဘာလို့လဲဆိုတော့ . . .
ယောကျာင်္း တစ်ယောက်က
သူမှာ ချစ်သူရှိတယ်ထားအုံး . . .
နောက်ထပ်သူ့ကိုချစ်တဲ့ကောင်မလေးတွေ
ရှိရင်တောင် သူရွေးချယ်ထားတဲ့
ချစ်သူဘက်ကိုပဲ ကြည့်တာများပါတယ်
မိန်းခလေးတွေကိတော့အဲ့လိုမဟုတ်ဘူး
သူမှာချစ်သူရှိလဲ နောက်ထပ်သူ့ကိုချစ်တဲ့
သူတွေရှိရင် အဲ့လူတွေကိုပါ
သူတို့ခေါင်းထဲထည့်တွက်ကျတယ်
သာရင်သာသလို နောက်ဆုံးဦးနှောက်နဲ့
ရွေးချယ်သွားတဲ့သူတွေ များတယ်. . .
ယောကျာင်္းအများစုက
ဦးနှောက်ကို . . .30%
နှလုံးသားကို . . . 70%
မိန်းခလေးအများစုက
ဦးနှောက်ကို . . . 70%
နှလုံးသားကို . . . 30%
အဲ့လိုရွေးချယ်တတ် ကြတယ် . . . .
Credit To Myat Noe Chel
Share by Lwin Thander Soe
No comments:
Post a Comment
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ