တောင်းထားတဲ့အကိုတစ်ယောက်အတွက်တင်ပေးလိုက်ပါတယ်အခုနောက်ပိုင်း update 5.1တွေလည်းထွက်နေပါပြီ 5.0.1အတွက်တောင်းထားလို့ပြန်လည်တင်ပေးလိုက်ပါတယ်။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ဒီတစ်ခါ ကျွန်တော်တင်ပေးချင်တာလေးကတော့
Samsung Glaxy S4 GT-I9500 ကို android ရဲ့
နောက်ဆုံးဖြစ်တဲ့ virsion 5.0.1 (Lollipop) ထိ
မြှင့်ကြည့်ကြမယ်ဗျာ...
လိုအပ်တဲ့ ဖိုင်လေးတွေကို အောက်က Link မှာ
ဒေါင်းလိုက်ပါ...
Firmware Package and extract the zip file
>>> Download Now< <<
Odin 3 virsion (3.10.6)
>>> Download Now <<<
Firmware မတင်ခင် သတိထားရမယ့်အချက်.
၁) ဖုန်းထဲက data , contact တွေကို backup ယူပါ.
၂) ဖုန်း battery အား အနည်းဆုံး 80 % ထားထားပါ.
၃) Samsung driver များကို PC မှာ install လုပ်ထားပါ.
၎) ဖုန်းမှာ USB Debugging on ထားပါ..
၅) ကိုယ်တင်မယ့်ဖုန်းက model no. သေချာစစ်ပါ..
ok ဒါတွေအကုန်လုံး လုပ်ပြီးပြီးဆိုရင်တော့ စတင်ပါတော့မယ်
Download ဆွဲထားတဲ့ Odin 3 ကို zip ဖြည် , install
လုပ်ပြီး Run as Administrator နဲ့ ဖွင့်လိုက်ပါ...
ပြီးရင် ဖုန်းကို Download mode ခေါ်ထားပါ...
ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး Volume Down+Home+Power
ကို တူတူတွဲဖိထားပါ... message တစ်ခုတက်လာရင် Vol up
ကို တစ်ချက်နှိပ်လိုက်ပါ.. Download mode ဆီ
ရောက်သွားပါလိမ့်မယ်.. (ဆရာများကျော်သွားပါ)
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုးပါ.(usb ကြိုး ကောင်းပါစေ)
ပြီးရင် Odin 3 မှာ add ဆိုတဲ့ mesaage ပေါ်လာလိမ့်မယ်
ဒါမှမဟုတ် အကွက်လေးမှာ အရောင်ပြည့်သွားလိမ့်မယ်။
ကဲပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း
ခုနကဒေါင်းထားတဲ့ Firmware ဖိုင်ထဲက
ဖြည်ထားတဲ့ .tat.md5 ဖိုင်လေးတွေကို သက်ဆိုင်ရာ
အလိုက်မှန်အောင် ဖြည့်သွားပေးပါ
အရေးကြီးပါတယ် နေရာလုံးဝမှားလို့မရပါဘူးခင်ဗျာ.
အစိမ်းလေးကတော့ ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုး
တဲ့အခါ ပေါ်လာမယ့် အမှတ်အသားတစ်ခုပါ...
အဆင်ပြေကျပါစေ။
No comments:
Post a Comment
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ